The Attributes Of God (Part 1)

ကျမ်းမြတ်ကုရ်အာန်၏ အဖွင့်ဆူရာဟ်တွင် အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော်များသည် အခြေခံဂုဏ်တော်လေးပါးမှ ခွဲထွက်ကြောင်းကို အောက်ပါအတိုင်းရှင်းပြထားသည်။

စကြ၀ဠာကမ္ဘာလောကအပေါင်းကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်

رَبِّ الْعَالَمِينَ

ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းပြီးနောက် အရာအားလုံးကို မွေးမြူလျက် ပြီးပြည့်စုံခြင်းအဆင့်သို့ တဖြည်းဖြည်းချင်း လုပ်ဆောင်သွားသည်ဟု ဆိုလိုသည်။


အကန့်အသတ်မရှိ ကရုဏာထားတော်မူ၍ မတောင်းခံဘဲပေးသနားတော်မူသောအရှင်

الرَّحْمَانِ 

သတ္တဝါတို့ဘက်မှ ကြိုးပမ်းအားထုတ်မှုမရှိဘဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုအတွက် လိုအပ်သော အရာအားလုံးကို ပေးဆောင်တော်မူသည်ဟု ဆိုလိုသည်။


အဖန်တလဲလဲ သနားကြင်နာတော်မူသောအရှင်

الرَّحِيمِ

အလ္လာဟ်အရှင်မြတ်သည် မိမိဆန္ဒအလျောက် ကောင်းမှုပြုသူတို့အတွက် အကောင်းဆုံးနှင့် အမြင့်မားဆုံးဆုလာဘ်ကို ပေးဆောင်တော်မူပြီး ထိုဆုကျေးဇူးသည် အကန့်အသတ်မရှိ ဆက်လက်တည်ရှိနေမည်ဟု ဆိုလိုသည်။


ဆုလာဘ်နှင့်ပြစ်ဒဏ် စီရင်မည့်နေ့တော်ကြီးကို စိုးပိုင်တော်မူသောအရှင်

مَالِكِ يَوْمِ الدِّينِ

အရာခပ်သိမ်းနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်သည် အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းထံတွင်သာ တည်ရှိသည်ဟု ဆိုလိုသည်။


Translated and adapted from Al-Islam.org. “The Attributes of God (Asmaa-ul-Husnaa).” https://www.alislam.org/articles/attributes-of-god-asmaa-ul-husnaa/

Discover more from Lajna Ima’illah Myanmar

Subscribe now to keep reading and get access to the full archive.

Continue reading