Ishat
စာပေဖြန့်ချိရေးဌာန၏ ရည်မှန်းချက်
လဂျ်နာ၏ လုပ်ငန်းစဉ်များကို ဖြန့်ချိခြင်း၊ အသင်းအတွင်း စာပေထုတ်ဝေခြင်းနှင့် လဂျ်နာများကို စာရေးသားသည့်အကျင့်ကို မွေးမြူပေးခြင်းတို့ လုပ်ဆောင်ရန်။
Constitution
၁၁၁။ စာပေဖြန့်ချိရေးတာဝန်ခံ (အေရှာအသ်တာဝန်ခံ)သည် နိုင်ငံလုံးဆိုင်ရာလဂျ်နာအမာအိလ္လာဟ်အစည်းအရုံး (လဂျ်နာအမာအိလ္လာဟ်မွလ်ခ်) ၏ လုပ်ဆောင်မှုများနှင့် မဂျာလိစ်(ဒေသအစည်းအရုံးခွဲများ)မှ ထူးချွန်သော လုပ်ဆောင်ချက်များကို လူအများအား အသိပေးထုတ်ပြန်ရန် တာဝန်ရှိသည်။
၁၀၂။ စာပေဖြန့်ချိရေးတာဝန်ခံ (အေရှာအသ်တာဝန်ခံ)သည် နိုင်ငံလုံးဆိုင်ရာလဂျ်နာအမာအိလ္လာဟ်အစည်းအရုံး (လဂျ်နာအမာအိလ္လာဟ်မွလ်ခ်)မှ ထုတ်ဝေဖြန့်ချိရန် ဆုံးဖြတ်ထားသည့် သတင်းလွှာများ၊ ဂေဇာတ်များ၊ အပတ်စဉ် (သို့မဟုတ်) လစဉ်စာစောင်များ၊ စာအုပ်များကို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းတို့ ပြုလုပ်ရန် တာဝန်ရှိသည်။
၁၀၃။ စာပေဖြန့်ချိရေးတာဝန်ခံ (အေရှာအသ်တာဝန်ခံ)သည် နိုင်ငံလုံးဆိုင်ရာလဂျ်နာအမာအိလ္လာဟ်အစည်းအရုံး (လဂျ်နာအမာအိလ္လာဟ်မွလ်ခ်)လက်အောက်မှ ထုတ်ဝေဖြန့်ချိထားသော စာအုပ်စာပေအားလုံး၏ ဝင်ငွေနှင့် အသုံးစရိတ်စာရင်းများကို ထိန်းသိမ်းထားရမည်။
မှတ်ချက်။ ။ ထုတ်ဝေသည့်အကြောင်းအရာများသည် သင့်လျော်ကြောင်း အကဲဖြတ်စစ်ဆေးရန်အတွက် အဖွဲ့ဝင် (၃)ဦးပါဝင်သော ကော်မတီတရပ်ကိုမဂျာလိစ်(ဒေသအစည်းအရုံးခွဲများ)၌ စာပေထုတ်လုပ်ဖြန့်ချိရေးကို လုပ်ဆောင် နေချိန်တွင် ဖွဲ့စည်းရမည်။
ထို့ပြင် စာအုပ်စာစောင်များ ဖြန့်ချိခြင်းခံရသောအခါ၊
(၈၁း၁၁)

