Finance
ဘဏ္ဍာရေးဌာန၏ ရည်မှန်းချက်
လဂျ်နာအဖွဲ့ဝင်များကို ကျန်ဒါ၊ စဒကာနှင့် အခြားအလှူဒါနများတွင် ပါဝင်ရန် နှိူးဆော်ခြင်း၊ ထိုသို့ပါဝင်ရခြင်း၏ အကျိုးကျေးဇူးများကို ဝေမျှခြင်း စသည်တို့ပြုလုပ်လျက် ကောက်ခံရရှိသော စာရင်းများကို မှတ်တမ်းတင်ထိန်းသိမ်းရန်။
Constitution
၆၅။ ဘဏ္ဍာရေးတာဝန်ခံသည် နိုင်ငံလုံးဆိုင်ရာလဂျ်နာအမာအိလ္လာဟ်အစည်းအရုံး (လဂျ်နာအမာအိလ္လာဟ်မွလ်ခ်)၏ ဘဏ္ဍာငွေစာရင်းများကို ထိန်းသိမ်းရန် တာဝန်ရှိသည်။
၆၆။ (က) ဘဏ္ဍာရေးတာဝန်ခံသည် ဘဏ္ဍာရေးနှစ်ဖြစ်သည့် အောက်တိုဘာ(၁)ရက်နေ့မှစ၍ စက်တင်ဘာ (၃၀)ရက်နေ့ ကာလအထိ တစ်နှစ်စာဝင်ငွေနှင့် အသုံးစရိတ်ကို ရေးဆွဲရန် တာဝန်ရှိသည်။
(ခ) ဘဏ္ဍာရေးတာဝန်ခံသည် ကောက်ခံရရှိသော ကျန်ဒါငွေစာရင်းအသေးစိတ်ကို ပြုစု၍ ကောက်ခံရရှိမှုမှတ်တမ်းကို ရုံး၌လုံခြုံစွာ ထိန်းသိမ်းထားရမည်။
၆၇။ ဘဏ္ဍာရေးတာဝန်ခံသည် မဂျာလိစ် (ဒေသအစည်းအရုံးခွဲများ)အားလုံးမှ သတ်မှတ်ထားသော လဂျ်နာကျန်ဒါများကို စုစည်းခြင်း၊ ကျန်ဒါပေးဆောင်ရန်ပျက်ကွက်သည့် မဂျာလိစ် (ဒေသအစည်းအရုံးခွဲများ)၏ အမည်စာရင်းများကို ဥက္ကဋ္ဌထံသို့ တင်ပြခြင်းတို့လုပ်ဆောင်ရန် တာဝန်ရှိသည်။
၆၈။ ဘဏ္ဍာရေးတာဝန်ခံသည် ကျန်ဒါပေးဆောင်ရန်ပျက်ကွက်သည့် အဖွဲ့ဝင်များ၏ အမည်စာရင်းများကိုလည်း ဥက္ကဋ္ဌထံသို့တင်ပြရန် တာဝန်ရှိသည်။ ထို့ပြင် မဂျာလိစ် (ဒေသအစည်းအရုံးခွဲများ)ရှိ အဖွဲ့ဝင်များအားလုံး ၁၀၀ ရာခိုင်နှုန်း ကျန်ဒါပေးဆောင်ရေးအတွက် စဉ်ဆက်မပြတ် တိုက်တွန်းနှိုးဆော်ရမည်။
၆၉။ ဘဏ္ဍာရေးတာဝန်ခံသည် ကျန်ဒါကောက်ခံခြင်း ဆိုင်ရာကိစ္စအားလုံးတွင် လဂျ်နာ မဂျာလိစ် (ဒေသအစည်းအရုံးခွဲများ)အားလုံးနှင့် အဆက်အသွယ်ရှိနေရမည်။
၇၀။ ဘဏ္ဍာရေးတာဝန်ခံသည် နိုင်ငံလုံးဆိုင်ရာလဂျ်နာအမာအိလ္လာဟ်အစည်းအရုံး (လဂျ်နာအမာအိလ္လာဟ်မွလ်ခ်)မှ ကောက်ခံရရှိသော အမာနတ်ငွေစာရင်းများအားလုံးကို သူမ၏လက်မှတ်နှင့်တကွ နိုင်ငံလုံးဆိုင်ရာလဂျ်နာဥက္ကဋ္ဌ (ဆဒရ် လဂျ်နာမွလ်ခ်)၏ လက်မှတ်တို့ဖြင့် ထိမ်းသိန်းရန်တာဝန်ရှိသည်။
၇၁။ ဘဏ္ဍာရေးတာဝန်ခံသည် ဘဏ္ဍာရေးနှစ်စတင်သည့် အချိန်မှစ၍ လဂျ်နာမဂျာလိစ်(ဒေသအစည်းအရုံးခွဲများ) အားလုံး၏ နှစ်တစ်နှစ်စာအတွက် ခန့်မှန်းအသုံးငွေစာရင်းများကို ပြင်ဆင်၍ ထိုမှတ်တမ်းများကို လဂျ်နာရုံးတွင် ထိန်းသိမ်းထားရှိရန် တာဝန်ရှိသည်။
၇၂။ ဘဏ္ဍာရေးတာဝန်ခံသည် နိုင်ငံလုံးဆိုင်ရာလဂျ်နာအမာအိလ္လာဟ်အစည်းအရုံး (လဂျ်နာအမာအိလ္လာဟ်မွလ်ခ်)မှ ကောက်ခံရရှိသော ကျန်ဒါငွေများ၏ ဝင်ငွေနှင့် အသုံးစရိတ်များ စာရင်းရှင်းတမ်းကို လစဥ် နိုင်ငံလုံးဆိုင်ရာ အလုပ်အမှုဆောင်အစည်းအရုံး(မဂျလိစ်အမလာမွလ်ခ်)သို့ တင်ပြရမည်။
၇၃။ နိုင်ငံလုံးဆိုင်ရာ ဘဏ္ဍာရေးတာဝန်ခံသည် နိုင်ငံလုံးဆိုင်ရာ လဂျ်နာအမာအိလ္လာဟ်အစည်းအရုံး (လက်အောက်ခံမဂျာလိစ်(ဒေသအစည်းအရုံးခွဲများ)အပါအဝင်)၏ စာရင်းဇယားများအားလုံးကို ကြီးကြပ်ကွပ်ကဲရန် နှင့် ယင်းတို့ကို မှန်ကန်တိကျစွာထိန်းသိမ်းရန် တာဝန်ရှိသည်။
(က) နိုင်ငံလုံးဆိုင်ရာ ဘဏ္ဍာရေးတာဝန်ခံသည် နှစ်စဉ်လဂျ်နာနှင့် နာစေရသ် ကျန်ဒါ၏ ၂၅%ကို ဟစ်စာမရ်ကက်ဇ် (ဗဟိုရန်ပုံငွေ၊ မရ်ကက်ဇ်ရန်ပုံငွေ) အဖြစ် နှစ်စဥ်အပ်နှံရန် တာဝန်ရှိသည်။
(ခ) နိုင်ငံလုံးဆိုင်ရာ ဘဏ္ဍာရေးတာဝန်ခံသည် လဂျ်နာနှင့် နာစေရသ်ကျန်ဒါ၏ (စုစုပေါင်း) ၂၅%အား(ဒေသကြီး/ ခရိုင်)နှင့် မဂျာလိစ် (ဒေသအစည်းအရုံးခွဲများ)ကြားတွင် လိုအပ်သည့်နေရာများ၌ ခွဲဝေအသုံးပြုနိုင်သည်။
(ဂ) အတည်ပြုထားသော ဘတ်ဂျက်အရ အသုံးစရိတ်အပြင် ကျန်ရှိသောငွေများကို အသုံးပြုလိုပါက ဟာဇရသ်ခလီဖတွလ်မဆီဟ်(အရ)သခင်ကြီးထံမှ ခွင့်ပြုချက်ရပြီးမှသာ ဆောင်ရွက်နိုင်သည်။ ထိုနည်းတူ မဂျာလိစ် (ဒေသအစည်းအရုံးခွဲများ)မှလည်း ကျန်ရှိသောအသုံးစရိတ်ကို အသုံးမပြုမီ နိုင်ငံလုံးဆိုင်ရာအလုပ်အမှုဆောင် အစည်းအရုံး (မဂျလိစ်အမလာမွလ်ခ်)ထံမှ ခွင့်ပြုချက် တောင်းခံရန် လိုအပ်သည်။
အသင်တို့သည် မိမိတို့ချစ်ခင်စုံမက်သောအရာများအနက်မှ စွန့်ကြဲသုံးစွဲမှုမပြုသေးသမျှ၊ ကောင်းမှုကို အလျှင်းရရှိနိုင်ကြမည်မဟုတ်ချေ။ အသင်တို့ မည်သည့်အရာကိုပင် သုံးစွဲသည်ဖြစ်စေ၊ အမှန်ပင် အလ္လာဟ်သည် ယင်းကို ကောင်းစွာသိရှိတော်မူ၏။
(၃း၉၃)

