Health and fitness

Constitution

၁၁၃။ ကျန်းမာရေးတာဝန်ခံ(စီဟသ်ဂျစ်မနီတာဝန်ခံ)သည် အောက်ပါလုပ်ငန်းတာဝန် (၂)ခုကို အဓိကထား၍ လုပ်ငန်းများကို ​ဆောင်ရွက်ရမည်။

(က) အဖွဲ့ဝင်များထံသို့ လိုအပ်သော တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ရှေးဦးသူနာပြုဆိုင်ရာအကြောင်းအရာများ သင်ကြားပို့ချပေးခြင်း။

(ခ) အမျိုးမျိုးသော အားကစားအစီအစဉ်များနှင့်လေ့ကျင့်ခန်းအစီအစဉ်များတွင် အဖွဲ့ဝင်များ ပါဝင်လာစေရန် နှိုးဆော်တိုက်တွန်းခြင်း။

၁၁၄။ တာဝန်ခံအနေဖြင့် ဖြစ်နိုင်ပါက တဦးချင်းယှဉ်ပြိုင်ပွဲများနှင့် အာကစားပြိုင်ပွဲများ စီစဉ်ကျင်းပရမည်။

၁၁၅။ ကောင်းမွန်သော ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် နည်းလမ်းများအ​ကြောင်း ဆွေးနွေးပွဲများကို မဂျာလိစ်(ဒေသအစည်းအရုံးခွဲများ)တွင် အခါအားလျော်စွာပြုလုပ်ရန် စီစဉ်ရမည်မှာ ကျန်းမာရေးတာဝန်ခံ(စီဟသ်ဂျစ်မနီတာဝန်ခံ)၏ တာဝန်ဖြစ်သည်။

Resources