Tabligh

Constitution

၁၀၀။ တဘလိဂ်တာဝန်ခံ (သာသနာဖြန့်ချိရေးတာဝန်ခံ)သည် အလ္လာဟ်အရှင်မြတ်ဘက်သို့ဖိတ်ခေါ်ခြင်း (ဒါဝသ်​သေအိလ္လလ္လာဟ်) အစီအစဉ်များကို ဆောင်ရွက်ရန်တာဝန်ရှိသည်။ တဘလိဂ်တာဝန်ခံ (သာသနာဖြန့်ချိရေးတာဝန်ခံ)သည် ဤအ​ခြေခံလုပ်ငန်းတာဝန်ကို လဂျ်နာအဖွဲ့ဝင်များအားလုံး ပါဝင်ထမ်းရွက်ကြစေရန် နှိုးဆော်တိုက်တွန်းရမည်။ တဘလိဂ်တာဝန်ခံ (သာသနာဖြန့်ချိရေးတာဝန်ခံ)သည် အဟ်မဒီယာမွတ်စလင်ဂျမာအတ်နှင့် ဆန့်ကျင်ပြောဆိုသည့် လှုပ်ရှားမှုများကို လေ့လာစောင့်ကြည့်​နေရမည်ဖြစ်ပြီး ထိုလှုပ်ရှားမှုများကို အောင်မြင်စွာ တုံ့ပြန်နိုင်ရန်အတွက် လဂျ်နာအမာအိလ္လာဟ်အစည်းအရုံးအဖွဲ့ဝင်များကို သင့်​လျော်လုံ​လောက်​သော စာ​ပေများနှင့် သတင်းအချက်အလက်များကို သင်ကြား​ပေးခြင်းတို့ဖြင့် ထိရောက်စွာ ကိုင်ကွယ်ခြေရှင်းရန် ကြိုးစားသင့်သည်။