Taleem

Constitution

၅၁။ ပညာရေးတာဝန်ခံ (တာလင်းမ်တာဝန်ခံ)သည် အမျိုးသမီးများအတွင်းတွင် ဘာသာ​ရေးနှင့် ​လောကီပညာ​ရေးများကို ဖြန့်​ဝေနိုင်​ရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် လုပ်​ဆောင်ရန်တာဝန်ရှိသည်။

၅၂။ ပညာရေးတာဝန်ခံ (တာလင်းမ်တာဝန်ခံ)သည် အမျိုးသမီးနှင့် ကလေးငယ်တစ်ဦးချင်းစီတိုင်းသည် စာရေး၊ စာဖတ် တတ်မြောက်လာရန် ဂျမာအတ်အတွင်းရှိ ပညာမတတ်သည့် အမျိုးသမီးနှင့် ကလေးငယ်များအတွက် ပညာတတ်မြောက်စေမည့် အစီအစဉ်များ ရေးဆွဲပြင်ဆင်ရမည်။ ထို့ပြင် ပညာရေးတာဝန်ခံသည် ​​ယောက်ျား​လေးငယ်များ၏ ပညာရေး​အ​ရေးကြီးပုံကိုလည်း နှိုး​ဆော်မှုများပြုလုပ်ရမည်။

၅၃။ ပညာရေးတာဝန်ခံ (တာလင်းမ်တာဝန်ခံ)သည် မဂျာလိစ် (ဒေသအစည်းအရုံးခွဲများ) ကို အောက်ပါအစီအစဉ်များဘက်သို့ အာရုံပြုလာ​စေရန် နှိုး​ဆော်ရမည်။

(၁) ကျမ်းမြတ်ကုရ်အာန် ဖတ်တတ်ရန် သင်ကြားခြင်း။ (နာ​ဇေရာ)

(၂) ကျမ်းမြတ်ကုရ်အာန်ကို ဘာသာပြန်နှင့်တကွ သင်ကြားခြင်း။

(၃) နမာဇ်ဝတ်ပြုပုံကို အဓိပ္ပာယ်နှင့်တကွ မှတ်သား​​စေခြင်း။

(၄) ဟာဇရတ်မဆီဟ်မော်အူးဒ် (အ) သခင်ကြီးရေးသားထားသောစာအုပ်များ ဖတ်ရှုစေခြင်း။

၅၄။ ပညာရေးတာဝန်ခံ(တာလင်းမ်တာဝန်ခံ)သည် လဂျ်နာအမာအိလ္လာဟ်အစည်းအရုံးမှ ရေးဆွဲထားသော သင်ရိုးညွှန်းတန်းများနှင့်အညီ အဟ်မဒီအမျိုးသမီးများအတွက် စာမေးပွဲများပြင်ဆင်ကျင်းပခြင်းတို့ကို စီမံဆောင်ရွက်ပေးရန် တာဝန်ရှိသည်။