Tarbiyyat nau mubaiat
နောင်မူဘာအတ်များအား ပဲ့ပြင်ထိန်းသိမ်းရေးဌာန၏ ရည်မှန်းချက်
အသစ်ဝင်ရောက်လာသော အဖွဲ့ ဝင်များကို လဂျ်နာအမာအိလ္လာဟ်အစည်းအရုံးနှင့် စပ်နွယ်မှုရှိစေလျက် သာသနာရေးရာ သွန်သင်ချက်များ မျှဝေပေးရန်။
Constitution
၅၉။ နောင်မူဘာအတ်များအား ပဲ့ပြင်ထိန်းသိမ်းရေးတာဝန်ခံ (တရ်ဘီယသ်နောင်မူအတ်တာဝန်ခံ)အနေဖြင့် အောက်ပါတို့ကို လုပ်ဆောင်ရန်တာဝန်ရှိသည်။
(က) ဂျမာအတ်ထဲသို့ အသစ်ဝင်ရောက်လာသော နောင်မူဘာအိန်း လဂျ်နာနှင့် နာစေရသ်များ၏ အသေးစိတ်အချက်အလက်မှတ်တမ်းများကို ပြည့်စုံစွာ မှတ်သားထားခြင်း။
(ခ) ၎င်းတို့တတ်စွမ်းနိုင်သည့်အခြေအနေအလိုက် ပညာရေးနှင့် ကိုယ်ကျင့်တရား တို့တိုးတက်လာအောင် ဆောင်ရွက်ခြင်း။
(ဂ) ငွေကြေးဓနဥစ္စာ စွန့်လွှတ်လှူဒါန်းခြင်းတို့၌ နောင်မူဘာအတ်များပါဝင်လာစေရန် ဆောင်ရွက်ခြင်း။
Resources
ထို့ပြင် လူတို့သည် အလ္လာဟ်၏သာသနာတော်သို့ အစုလိုက် အဖွဲ့လိုက် ဝင်ရောက်လာနေသည်ကို အသင်သည် မြင်တွေ့ရပေလိမ့်မည်။
(၁၁၀း၃)




