Tehrik-e-Jadid & Waqf-e-Jadid
တဟ်ရေကေဂျဒီးဒ် နှင့် ဝါက်ဖေဂျဒီးဒ်ဌာန၏ ရည်မှန်းချက်
တဟ်ရေကေဂျဒီးဒ် နှင့် ဝါက်ဖေဂျဒီးဒ်တွင် ပါဝင်မှုတိုးတက်ကျယ်ပြန့်လာစေရန်။
Constitution
၁၁၀။ တဟ်ရေကေဂျဒီးဒ် နှင့် ဝါက်ဖေဂျဒီးဒ် တာဝန်ခံသည် တဟ်ရေကေဂျဒီးဒ် နှင့် ဝါက်ဖေဂျဒီးဒ်၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို လဂျ်နာအဖွဲ့ဝင်များအကြား ကျယ်ပြန့်စွာသိရှိနိုင်ရန် တိုက်တွန်းနှိုးဆော်ရမည်။
၁၁၁။ တဟ်ရေကေဂျဒီးဒ် နှင့် ဝါက်ဖေဂျဒီးဒ် တာဝန်ခံသည် လဂျ်နာအမျိုးသမီး အများဆုံးအရေအတွက်အထိ တဟ်ရေကေဂျဒီးဒ် နှင့် ဝါက်ဖေဂျဒီးဒ်စီမံကိန်းတွင် ပါဝင်လာအောင်လုပ်ဆောင်ရန်တာဝန်ရှိသည်။ သူ(မ)သည် တဟ်ရေကေဂျဒီးဒ် နှင့် ဝါက်ဖေဂျဒီးဒ်စီမံကိန်းနှစ်ခုစလုံးတွင် အဟ်မဒီအမျိုးသမီးများ ဓနဥစ္စာစွန့်လွှတ်လှူဒါန်းမှု အများဆုံးအတိုင်းအတာအထိ ပြုလုပ်လာကြရန် တိုက်တွန်းနှိုးဆော်ရမည်။
၁၁၂။ စတုတ္ထခလီဖာသခင်ကြီး(ရဟ)သည် တာဟ်ရီကေဂျဖီးဒ်စီမံကိန်း အဆင့် သုံး (ဒက်ဖ်တာ III) ကိုဆောင်ရွက်ရန် လဂျ်နာအမာအိလ္လာဟ်အစည်းအရုံးထံသို့ တာဝန်ပေးအပ်ခဲ့သည်။ လဂျ်နာအမာအိလ္လာဟ်အစည်းအရုံးအား အဆင့် သုံး (ဒက်ဖ်တာ III) ကို တာဝန်အပ်နှင်းချိန်၊ ၁၉၈၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့၌ “ကျွန်ုပ်အနေဖြင့် ဤလုပ်ငန်းကို လဂျ်နာများထံသို့ တာဝန်ပေးအပ်နှံပါမည်။ လဂျ်နာများ၏လုပ်ဆောင်မှုများကို လေ့လာကြည်မည်ဆိုပါမူ သူ(မ)တို့သည် မိမိတို့လုပ်ဆောင်ရမည့် မည်သည့်လုပ်ငန်းကိုမဆို အမျိုးသားများပင်လျှင် ရှက်ရွံကာ နောက်ကျကျန်ရစ်နေခဲ့သည်အထိ အပြည့်အဝကြိုးစားလုပ်ဆောင်ကြပြီး တချို့အခါများတွင် သူ(မ)တို့၏ကြိုးပမ်းစွမ်းဆောင်မှုများသည် အောင်မြင်မှုရရှိသွားကြလေသည်။” ဟု မိန့်ကြားခဲ့သည်။
Resources
အဘယ်သူသည် အလ္လာဟ်အား ကောင်းမြတ်သောကြွေးမြီကို ချေးငှားမည်နည်း၊ သို့ဖြင့် ယင်းကို သူ့အတွက် တိုးပွားစေတော်မူမည်။ ထို့ပြင် ထိုသူအတွက် ဂုဏ်သရေကြီးမြတ်လှသော ဆုလာဘ်၏အစားပေးခြင်းသည်လည်းရှိ၏။
(၅၇း၁၂)


