Umoore Talibaat
ကျောင်းသားရေးရာဌာန၏ ရည်မှန်းချက်
ကျောင်းသားရေးရာဌာနသည် ၂၀၁၈ ခုနှစ်တွင် ပဉ္စမခလီဖတွလ်မဆီဟ် (အရ) သခင်ကြီးမှ စတင်တည်ထောင်ပေးခဲ့သည့် ဌာနဖြစ်သည်။ ပညာဆည်းပူးနေသည့် လဂျ်နာအမျိုးသမီးကျောင်းသူတိုင်း (အထက်တန်း၊ တက္ကသိုလ်၊ ကောလိပ်၊ ဘွဲ့လွန် နှင့် အခြား ပညာရေးဆိုင်ရာ သင်တန်းတစ်ခုခု တက်ရောက်နေသူတိုင်းသည် ကျောင်းသားရေးရာအစည်းအရုံးတွင်ပါဝင်သည်။ လဂျ်နာ အမျိုးသမီးကျောင်းသူများအားလုံး ပညာရေးလမ်းကျောင်းကို လျှောက်လှမ်းနေစဉ်အတွင်း အစ္စလာမ်သွန်သင်ချက်များ၊ ဂျမာအတ်အစီအစဉ်များနှင့် ဆက်နွယ်လျက်ရှိနေရန်။
Constitution
၁၁၆။ ကျောင်းသားရေးရာတာဝန်ခံ (အွန်မွရ်တာလေဘသ်တာဝန်ခံ)သည် လက်ရှိတွင်စာသင်ကြားပို့ချနေသူ (သို့မဟုတ်) ဘာသာရပ်ပိုင်းဆိုင်ရာ သင်ယူလေ့လာနေသူ ဖြစ်သင့်သည်။
၁၁၇။ ကျောင်းသားရေးရာတာဝန်ခံ (အွန်မွရ်တာလေဘသ်တာဝန်ခံ)သည် စာပေမတတ်သော အမျိုးသမီးကျောင်းသူများအတွက် ပညာရေးအစီအစဉ်များဆောင်ရွက်ရမည်။
၁၁၈။ ကျောင်းသားရေးရာတာဝန်ခံ (အွန်မွရ်တာလေဘသ်တာဝန်ခံ)သည် အလယ်တန်းကျောင်းပြီးသည့်နောက် ပညာရေးမှ ထွက်လိုက်သော အမျိုးသမီးများကို ပညာသင်ယူမှုဘက်သို့ ပြန်လှည့်လာစေရန် ကြိုးပမ်းအားထုတ်ရမည်။
၁၁၉။ ကျောင်းသားရေးရာအစည်းအရုံး(ရှိုဘာအွန်မွရ်တာလေဘသ်)သည် ကျောင်းအဆင့်မှ အဆင့်မြင်ပညာရေးအဆင့်အထိ ကျောင်းသူများကို လမ်းညွှန်မှုပေးရန် ကြိုးပမ်းရမည်။ ထို့ပြင်သူမတို့၏ အထွေထွေပြဿနာများကို ဖြေရှင်းရန် ကြိုးစားရမည်။
၁၂၁။ ကျောင်းသူများ၏ အရေးကိစ္စများနှင့်စပ်လျဉ်းပြီး ကျောင်းသားရေးရာတာဝန်ခံ (အွန်မွရ်တာလေဘသ်တာဝန်ခံ)မှ ကြီးကြပ်ကွပ်ကဲ၍ ဖြေရှင်းရမည်ဖြစ်သည်။
၁၂၁။ ကျောင်းသားရေးရာနှီုးနှောတိုင်ပင်သည့်အစည်းအရုံးသည် တဘလိဂ် (သာသနာဖြန့်ချိရေး)နှင့် လူမှုရေးဆိုင်ရာကိစ္စများနှင့်စပ်လျဉ်းသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပညာရေးဆိုင်ရာအဖွဲ့အစည်းများ၌ ဟောပြောပွဲများကျင်းပခွင့်ရှိပြီး အမျိုးသမီးကျောင်းသူများကို လူသားအကျိုးပြုမှုလုပ်ငန်းများတွင် တိုးမြှင့်ဆောင်ရွက်လာစေရန် လမ်းညွှန်ပေးရမည်။
၁၂၃။ အဟ်မဒီယာမွတ်စလင်အမျိုးသမီးများ၏ ကျောင်းသူများအဖွဲ့အစည်း (Ahmadiyya Muslim Women’s Student Association (AMWSA)) သည် ကျောင်းသားရေးရာတာဝန်ခံ (အွန်မွရ်တာလေဘသ်တာဝန်ခံ)၏ လက်အောက်၌ လုပ်ကိုင်ရမည်။
၁၂၃။ အဟ်မဒီယာမွတ်စလင်အမျိုးသမီးများ၏ ကျောင်းသူများအဖွဲ့အစည်း (AMWSA)တွင် တာဝန်ထမ်းဆောင်မည့် အလုပ်အမှုဆောင်များရွေးကောက်ပွဲကိုနှစ်စဉ် အိဂျ်တေမာ (နှစ်ပတ်လည်အခမ်းအနား) ဆောင်ရွက်သည့်အချိန်၌ပြုလုပ်ရမည်။ ထို့အပြင် ရွေးချယ်ခံရသည့်အဖွဲ့ဝင်အမည်စာရင်းကို ဟာဇရသ်ခလီဖတွလ်မဆီဟ်(အရ)သခင်ကြီးထံသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။
၁၂၄။ အဟ်မဒီယာမွတ်စလင်အမျိုးသမီးများ၏ ကျောင်းသူများအဖွဲ့အစည်း (AMWSA)မှ အလုပ်အမှုဆောင်များအားလုံးသည် ကျောင်းသူများအနက်မှ ဖြစ်ရမည်။
၁၂၅။ ကျောင်းသားရေးရာတာဝန်ခံ (အွန်မွရ်တာလေဘသ်တာဝန်ခံ)သည် အဟ်မဒီယာမွတ်စလင်အမျိုးသမီးများ၏ ကျောင်းသူများအဖွဲ့အစည်း (AMWSA)လက်အောက်ရှိ ကျောင်းသူများအားလုံး၏ မှတ်တမ်းများကို ပြည့်စုံစွာထိန်းသိမ်းထားရှိရမည်။
မှတ်ချက်။ ။ ကျောင်းသားရေးရာနှီုးနှောတိုင်ပင်သည့်အစည်းအရုံးကို မဂျ်လိစ်(အစည်းအရုံးခွဲ) အဆင့်၌လည်း တည်ထောင်ဖွဲ့စည်းရမည်။
အသင်ပြောကြားပါလေ၊ ပြီးပြည့်စုံသော အသိပညာသည် အလ္လာဟ်၏ထံတော်၌ရှိ၏။
(၆၇း၂၇)

