ziafat
ဧည့်ခံကျွေးမွေးရေးဌာန၏ ရည်မှန်းချက်
တစ်နှစ်ပတ်လုံးတွင်ကျင်းပသော လဂျ်နာအမာအိလ္လာဟ်အစည်းအရုံး၏ အခမ်းအနားများတွင် လိုအပ်သော အစားအသောက်စီမံမှုများ ပြုလုပ်ရန်။
Constitution
၁၀၇။ ဒေယာဖသ်တာဝန်ခံ (ဧည့်ခံကျွေးမွေးရေးတာဝန်ခံ)သည်ဧည့်ခံကျွေးမွေးရေးအတွက် ကုန်ကျစရိတ်မှတ်တမ်းအပြည့်အစုံကိုတိကျစွာ ထိန်းသိမ်းရန် တာဝန်ရှိသည်။
(က) နေ့စဉ်အသုံးစရိတ်မှတ်တမ်း
(ခ) လုပ်ငန်းစဉ်များနှင့် အခမ်းအနားကျင်းပခြင်းများ အတွက် အသုံးစရိတ်မှတ်တမ်း
၁၀၈။ ဒေယာဖသ်တာဝန်ခံ (ဧည့်ခံကျွေးမွေးရေးတာဝန်ခံ)သည် နိုင်ငံလုံးဆိုင်ရာလဂျ်နာအမာအလ္လာဟ်အစည်းအရုံး (လဂျ်နာအမာအိလ္လာဟ် မွလ်ခ်)လက်အောက်မှ ကျင်းပပြုလုပ်သည့် အခမ်းအနားများတွင် ဧည့်ခံကျွေးမွေးရေးအား ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသည်။
၁၀၉။ ဒေယာဖသ်တာဝန်ခံ (ဧည့်ခံကျွေးမွေးရေးတာဝန်ခံ)သည် သူမ၏ဌာနလက်အောက်ရှိ ပစ္စည်းများအားလုံးကို ပြည့်စုံစွာ မှတ်တမ်းတင်ထား ရှိရန်နှင့် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးကြည့်ရှုရန် တာဝန်ရှိသည်။
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ “မတ်စ်ဂျီဒ်”ဝတ်ကျောင်းတိုင်းသို့ မိမိတို့၏လှပတင့်တယ်မှု (“တက္ကဝါ”တည်းဟူသောဝတ်ရုံ)ကို အတူဆောင်ယူသွားကြကုန်။ ထို့ပြင် စားကြကုန်၊ သောက်ကြကုန်၊ သို့ရာတွင် အတိုင်းထက်လွန်ကျူးခြင်းကို မပြုကြကုန်လင့်။ ဧကန်မုချ အရှင်မြတ်သည် အတိုင်းထက်လွန်ကျူးသူတို့ကို ချစ်ခင်နှစ်သက်တော်မမူချေတည်း။
(၇း၃၂)

