မြန်မာဘာသာပြန်

ထို့ပြင် သူတို့၏နောက်မှလာကြသောသူတို့က ဆိုကြသည်မှာ၊ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့အားလည်းကောင်း “အီမာန်”ယုံကြည်ခြင်းတွင် ကျွန်တော်မျိုးတို့ထက် ရှေ့ဦးခဲ့ကြသော ထိုညီနောင်များအားလည်းကောင်း ခွင့်လွှတ်တော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးတို့၏စိတ်နှလုံးများတွင် သက်ဝင်ယုံကြည်သူတို့အတွက် မည်သို့သော ငြူစူမှုအာဃာတကိုမျှ မရှိပါစေလင့်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဧကန်ပင် အရှင်မြတ်သည် အလွန်တရာချစ်ခင်သနားတော်မူသောအရှင်၊ အဖန်တလဲလဲ သနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူပါ၏။

Learn The Holy Quran

Discover more from Lajna Ima’illah Myanmar

Subscribe now to keep reading and get access to the full archive.

Continue reading