Verse Of The Day
ဆူရာဟ် ၆၊ အာယတ် ၄၀

မြန်မာဘာသာပြန်
ငါတို့၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု စွပ်စွဲကြသောသူတို့သည် အမှောင်ထုများတွင် (လမ်းမှား၍ တဝဲလည်လည်ဖြစ်နေသော) နားပင်းသူများနှင့် ဆွံ့အသူများဖြစ်ကြ၏။ အလ္လာဟ်သည် အကြင်သူအား လမ်းလွဲသူဟု သတ်မှတ်တော်မူလျှင် ထိုသူ့ကို လမ်းလွဲ၌ပင်ရှိစေတော်မူ၏။ အကြင်သူအား လမ်းမှန်အတွက် ဆုံးဖြတ်တော်မူလျှင် ထိုသူ့အား ဖြောင့်မတ်မှန်ကန်သောလမ်းပေါ်တွင် (လျှောက်လှမ်းသူ) ဖြစ်စေတော်မူ၏။
