Verse Of The Day
ဆူရာဟ် ၂၈၊ အာယတ် ၈၉

မြန်မာဘာသာပြန်
ထို့ပြင် အလ္လာဟ်နှင့်တွဲဖက်၍ အခြားမည်သည့်ကိုးကွယ်ရာကိုမျှ ဟစ်ခေါ်တမ်းတခြင်းမပြုလင့်၊ ထိုအရှင်မြတ်မှတစ်ပါး အခြားမည်သည့်ကိုးကွယ်ရာမျှမရှိချေ။ အရှင်မြတ်၏ ဘုန်းတန်ခိုးအရှိန်အဝါမှလွဲ၍ အရာခပ်သိမ်းကုန်တို့သည် ပျက်စီးရမည်သာတည်း။ စိုးမိုးအုပ်ချုပ်မှုအာဏာသည် အရှင်မြတ်အဖို့သာဖြစ်၏။ ထိုအရှင်မြတ်ထံတော်သို့သာ အသင်တို့အားလုံး ပြန်လည်သွားရောက်ကြရပေမည်တည်း။
