Verse Of The Day
ဆူရာဟ် ၄၈၊ အာယတ် ၅

မြန်မာဘာသာပြန်
ထိုအရှင်မြတ်သည်ပင် “မို့အ်မင်န်”သက်ဝင်ယုံကြည်သူတို့၏ နှလုံးသားတွင် တည်ငြိမ်အေးချမ်းမှုကို ချပေးတော်မူသောအရှင်ဖြစ်၏။ သို့ဖြင့် ၎င်းတို့သည် မိမိတို့၏ယုံကြည်ခြင်းနှင့်အတူ ထပ်မံ၍ယုံကြည်မှုတိုးပွားစေရန်ဖြစ်၏။ ထို့ပြင် မိုးကောင်းကင်များနှင့် ကမ္ဘာမြေ၏တပ်များကို အလ္လာဟ်သည်သာ ပိုင်ဆိုင်တော်မူ၏။ စင်စစ် အလ္လာဟ်သည် ထာ၀ရသိရှိတော်မူသောအရှင်(နှင့်) ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။
