Verse Of The Day
ဆူရာဟ် ၄၉၊ အာယတ် ၁၁

မြန်မာဘာသာပြန်
“မို့အ်မင်န်”သက်ဝင်ယုံကြည်သူတို့မှာ ညီအစ်ကိုများသာဖြစ်ကြ၏။ သို့ဖြစ်၍ မိမိတို့ညီအစ်ကိုနှစ်ဦး၏အကြား သင့်တင့်ပြေလည်မှုရှိအောင် ပြုပေးကြကုန်။ ထို့ပြင် အလ္လာဟ်အား ကြောက်ရွံ့ရိုကျိုးခြင်း “တက္ကဝါ”တရားကို ကျင့်သုံးဆောက်တည်ကြကုန်။ သို့မှသာ အသင်တို့အား သနားကရုဏာပြုပေးတော်မူခြင်းခံကြရအံ့သတည်း။
