Verse Of The Day
ဆူရာဟ် ၃၉၊ အာယတ် ၉

မြန်မာဘာသာပြန်
ထို့ပြင် လူသားအား ဘေးဒုက္ခတစ်စုံတစ်ရာ သက်ရောက်သည့်အခါ သူသည် မိမိ၏ဖန်ဆင်းမွေးမြူရှင်ကို ထိုအရှင်မြတ်ဘက်သို့ ယိမ်းညွတ်လျက် ဟစ်ခေါ်တမ်းတပေသည်။ ထို့နောက် အရှင်မြတ်က သူ့အား မိမိထံတော်မှ တစ်စုံတစ်ရာ “နေ့အ်မတ်”ကောင်းချီးဆုလာဘ်ကို ပေးသနားတော်မူသည့်အခါ အကြင်ကိစ္စအတွက် ယခင်က သူဆုတောင်းလျက်ရှိခဲ့သည်ကို မေ့လျော့၍သွားပေသည်။ ထို့ပြင် သူသည် အရှင်မြတ်၏လမ်းတော်မှ လွဲချော်စေရန်အတွက် အလ္လာဟ်နှင့် ယှဉ်တွဲကိုးကွယ်ရာကို ပြုလုပ်လေတော့၏။ အသင် ပြောကြားပါလေ။ မိမိ၏ငြင်းပယ်မှုဖြင့် အနည်းငယ်မျှသော ယာယီအကျိုးကျေးဇူးကို ခံစားပါလေ။ စင်စစ် အသင်သည် ငရဲသားတို့တွင် အပါအဝင်ဖြစ်၏။
