Verse Of The Day
ဆူရာဟ် ၆၅၊ အာယတ် ၄
وَيَرْزُقُهُ مِنْ حَيْثُ لَا يَحْتَسِبُ ۖ وَمَنْ یَّتَوَكَّلْ عَلَى اللهِ فَهُوَ حَسْبُهُ ۚ اِنَّ اللهَ بَالِغُ اَمْرِه ۚ قَدْ جَعَلَ اللهَ لِكُلِّ شَيْءٍ قَدْرًا
မြန်မာဘာသာပြန်
ထို့ပြင် အရှင်မြတ်သည် သူ့အား သူထင်မှတ်မထားသောနေရာမှ “ရီဇီက်”ရိက္ခာကို ပေးသနားတော်မူ၏။ ထို့ပြင် အကြင်သူသည် အလ္လာဟ်အား ယုံပုံအားထားပါလျှင် အရှင်မြတ်သည် ထိုသူအတွက် လုံလောက်တော်မူ၏။ ဧကန်မုချ အလ္လာဟ်သည် မိမိ၏ဆုံးဖြတ်ချက်ကို ပြီးမြောက်အောင်ပြုမြဲဖြစ်တော်မူ၏။ အလ္လာဟ်သည် အရာခပ်သိမ်းတို့အတွက် အစီအမံတစ်ရပ်ကို ပြုလုပ်၍ထားတော်မူ၏။
