Tarbiyyat

Constitution

၅၅။ ပဲ့ပြင်ထိန်းသိမ်း​ရေးတာဝန်ခံ (တရ်ဘီယသ်တာဝန်ခံ)သည် နိုင်ငံလုံးဆိုင်ရာလဂျ်နာအမာအိလ္လာဟ်အစည်းအရုံး (လဂျ်နာအမာအိလ္လာဟ်မွလ်ခ်)၏အဖွဲ့ဝင်များအား အစ္စလာမ့်နည်းကျကိုယ်ကျင့်တရားများကို အစဥ်အမြဲ သင်ကြားပို့ချ နေရမည်။

၅၆။ ပဲ့ပြင်ထိန်းသိမ်း​ရေးတာဝန်ခံ (တရ်ဘီယသ်တာဝန်ခံ)သည် တရ်ဘီယသ်ဆိုင်ရာကိစ္စရပ်များ၊ ကိုယ့်ကျင့်တရား၊ နာမ်ဝိညာဥ်​ရေးရာနှင့် ယဉ်ကျေးမှု အစရှိ​သောကိစ္စရပ်များ၏ ရှုထောင့်အသွယ်သွယ်ကို လေ့လာစစ်ဆေးရန် တာဝန်ရှိသည်။ 

၅၇။ ပဲ့ပြင်ထိန်းသိမ်း​ရေးတာဝန်ခံ (တရ်ဘီယသ်တာဝန်ခံ)သည် ဂျမာအသ်မှ အမျိုးသမီးများ “ပရ်ဒါ” ကို လိုက်နာလာစေရန် ကြိုးပမ်းနှိုး​ဆော်ရမည်ဖြစ်သည်။ “ပရ်ဒါ” ကိုဆန့်ကျင်နေသောအခြေအနေများကို သတိပြုလေ့လာလျက် ဂျမာအတ်၏ အမျိုးသမီးများအတွင်း၌ ထိုသို့သော အခြေအနေများ အမြစ်မတွယ်လာစေရန် လိုအပ်သောအစီအစဉ်များကို ပြုလုပ်ရမည်။

၅၈။ ပဲ့ပြင်ထိန်းသိမ်း​ရေးတာဝန်ခံ (တရ်ဘီယသ်တာဝန်ခံ)သည် ဂျမာအတ်၏အမျိုးသမီးများထံသို့ အစ္စလာမ့်ကျင့်ထုံးများနှင့်ဆန့်ကျင်သည့် အလေ့အကျင့်၊ မလျော်မကန်သော ဝတ်စားဆင်ယဉ်မှုများ မဝင်ရောက်လာ စေရန်အတွက် လိုအပ်သောအစီစဉ်များကို ဆောင်ရွက်ရမည်။

resources

Dars-e-Hadith Translations