Verse Of The Day
ဆူရာဟ် ၅၈ အာယတ် ၈

မြန်မာဘာသာပြန်
အသို့နည်း၊ အလ္လာဟ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာမြေတွင်ရှိသည်တို့အား သိရှိတော်မူကြောင်းကို အသင်သည် သိမြင်ခဲ့ပြီမဟုတ်ပါလော။ မည်သည့်သုံးဦးမျှ လျှို့ဝှက်တိုင်ပင်ကြသည်မဟုတ်၊ သို့သော် ထိုအရှင်မြတ်သည် ယင်းတို့၏ စတုတ္ထမြောက်ဖြစ်တော်မူ၏။ ထို့ပြင် မည်သည့် ငါးဦးမျှသည်လည်း ထိုသို့(လျှို့ဝှက်တိုင်ပင်ခြင်း)မရှိ။ သို့သော် ထိုအရှင်မြတ်သည် ယင်းတို့၏ဆဋ္ဌမမြောက်ဖြစ်တော်မူ၏။ ထိုမှတစ်ပါး ယင်းထက်နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ယင်းတို့ မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ၊ အရှင်မြတ်သည် ယင်းတို့နှင့်အတူရှိနေတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည် ယင်းတို့အား ရှင်ပြန်ထမြောက်သောနေ့တွင်၊ ယင်းတို့ပြုမူလေ့ရှိခဲ့သည်တို့ကို အသိပေးတော်မူပေအံ့။ ဧကန်ပင် အလ္လာဟ်သည် အရာရာတိုင်းကို ကောင်းစွာသိရှိတော်မူ၏။
