Verse Of The Day
ဆူရာဟ် ၅၇၊ အာယတ် ၂၁

မြန်မာဘာသာပြန်
သိထားကြလေကုန်။ လောကီဘ၀သည်ကား ကစားခုန်စားခြင်းသက်သက်နှင့် မြင့်မားသောရည်ရွယ်ချက်ကို မေ့ပျောက်စေသော၊ စိတ်၏စေစားရာကို ဖြည့်ဆည်းပေးရန် အကြောင်းအချက်ဖြစ်၍ တန်ဆာဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်းနှင့် ပစ္စည်းဥစ္စာများနှင့် သားသမီးများဖြင့် တစ်ဦးနှင့်တစ်ဦး သာလွန်အောင်ကြိုးပမ်းခြင်းတို့သာဖြစ်၏။ (ဤလောကီဘ၀သည်) ထိုမိုးနှင့်ပမာတူ၏။ ယင်း(မိုးရေ)ကြောင့် သစ်ပင်များပေါက်ရောက်စိမ်းစိုမှုသည် မယုံကြည်သူတို့(၏ စိတ်နှလုံး)ကို နှစ်သက်ရွှင်လန်းစေ၏။ သို့ဖြင့် ယင်းသည် လျင်မြန်စွာ ကြီးထွားလာ၏။ ထို့နောက် အသင်သည် ယင်းအား ဝါ၍နေသည်ကိုမြင်တွေ့ရပြီးနောက် ယင်းသည် အစိတ်စိတ်အမြွှာမြွှာဖြစ်၍ သွားပေတော့သည်။ ထိုမှတစ်ပါး တမလွန်တွင်မူကား ပြင်းထန်လှစွာသောပြစ်ဒဏ်သည် (သတ်မှတ်ထား)ရှိ၏။ ဤတွင်မက အလ္လာဟ်၏အထံတော်မှ ခွင့်လွှတ်ခြင်းနှင့် ကျေနပ်နှစ်မြို့တော်မူခြင်းသည်လည်းရှိပေ၏။ အမှန်သော်ကား လောကီဘ၀သည် လှည့်ဖြားခြင်း၏ ယာယီမျှဖြစ်သောဝတ္ထုပစ္စည်းသာဖြစ်၏။
